ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ နံနက် ၈း၃၀နာရီအချိန် တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိ တ်ယာဥ်ရပ်နားစခန်းသို့မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Yadanarbon  Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၅) ပေပါကို ယာဥ် မောင်း ဦးသိန်းဆွေ၊ ယာဉ်အမှတ် 8J-5205/ Nissan မော်‌တော်ယာဉ်နှင့် အလားတူ (၉း၀၀) နာရီ အချိန်တွင်  Myanmar Oil Alliance Co,Ltd မှ တင်ပို့ ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ်2I-7044/  Nissan မော်‌တော်ယာဉ်နှင့် အလားတူ  (၁၀း၃၀)နာရီ အချိန်တွင်  Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၈) ပေပါကို ယာဥ်မောင်း ဦးကျော်လွင်၊ ယာဉ်အမှတ်7F-3017/ Nissan မော်‌တော်ယာဉ် တို့ဖြင့် အသီး သီးတင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၂၀၃) ပေပါ အား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများ အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)