
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက် နံနက် ၀၉:၀၀ အချိန်တွင် ၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန် ကျော်တို့သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့် မိတ်ဖက်ဌာန များနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်တာဝန်ခံက ပူးပေါင်းအဖွဲ့ဖြင့် သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် သောက်ရေသန့်ဘူးများ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ သောက်ရေသန့်ဘူးများပေါ်တွင် ကုန်အညွှန်းအ မှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင် ရာဌာနများကလည်း မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍများကို စစ်ဆေးအသိပညာပေးခဲ့ကြကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)