နန္ဒဝန်ဈေးသစ်ရှိ ထန်းလျက်၊ ဇီးထန်လျက်နှင့် အုန်းထန်းလျက်ဈေးကွက်

Powered by Drupal

   မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဈေးသစ်တွင် အသား/ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ကုန်များကို ခင်းကျင်းရောင်းချလျက်ရှိရာ အညာဒေသထွက် အစားအစာတစ်ခုဖြစ်သည့် ထန်းလျက်ကို အုန်း၊ ဇီး ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်၍ စားသုံးကြသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ထန်းလျက်ဈေးနှုန်းများအနေဖြင့် ထန်းလျက်(ဖြူသန့်) (၁) ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ဇီးထန်းလျက်( ၁) ပိဿာလျှင် ( ၁၂၀၀၀)ကျပ်၊ အုန်းထန်းလျက် ( ၁) ပိဿာလျှင် (၁၄၀၀၀)ကျပ်တို့ဖြင့် အရောင်းသွက်၍ ဝယ်လိုအားများနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)