မြိတ်ခရိုင်ရှိပုဇွန်စျေးနှုန်းစျေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်းရံလျက်ရှိပြီး ငါး၊ ပုဇွန်စသော ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုသောမြို့ဖြစ်သည်။ မြိတ်မြို့အတွင်း စားသုံးလျက်ရှိသည့် ပုဇွန်များကို ကမ်းနီးကမ်းဝေးငါးဖမ်းလှေငယ်များမှအဓိကရရှိသလို ပုဇွန်မွေးမြူရေးကန်များမှ ရရှိပြီး ရန်ကုန်နှင့် အခြားတိုင်း/ ပြည်နယ်များသို့တင်သို့ ရောင်းချလျက်ရှိသည်။ ပုဇွန်များမှာ အရွယ်အစားပေါ် မူတည်၍ စျေးနှုန်းကွဲပြားလျက်ရှိသည်။

       ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့ ပုဇွန်များ၏ စျေးနှုန်းစုံစမ်းချက်အရ မွေးမြူရေးပုဇွန်(အကြီး) တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်နှင့် အငယ်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ရေချိုပုဇွန်အကြီးတစ်ပိဿာလျှင်(၄၈၈၀၀)ကျပ်၊ အလတ်တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်ရှိပြီး ရေငန်ပုဇွန်(အကြီး)တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ပုဇွန်ချောတစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ပုဇွန်ကျားတစ်ပိဿာလျှင် (၂၇၀၀၀)ကျပ်၊ ပုဇွန်ရေပျော့ တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ ပုဇွန်သေးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း  ပုဇွန်အရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(တနင်္သာရီ)