
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပိတောက်မြိုင်ဈေး၊ သစ်ရာမြိုင်ဈေးများအတွင်း ရောင်းချလျက်ရှိသည့် ကင်းမုံသီး ဈေးနှုန်းများမှာ ကင်းမုံသီး လက္ကား တစ်ပြည်လျှင်(၁၈၀၀)ကျပ်၊ ကင်းမုံသီး လက်လီ တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ကင်းမုံသီး နို့ဆီ(၄)ဘူးလျှင် (၁၀၀၀)ကျပ်၊ ကင်းမုံသီးနို့ဆီ(၂)ဘူးလျှင် (၅၀၀) နှင့် ကင်းမုံသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် လက္ကားဈေး တစ်ပိဿာ လျှင်(၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ် သားလျှင်(၁၀၀၀)ကျပ်နှင့် ချဉ်ပေါင်ရွက် (၂၅) ကျပ်သားလျှင်(၅၀၀)ကျပ်၊ ပိတ်စွယ် အပင်အကြီး အသေးပေါ်မူတည်၍(၅/၇)ချောင်းပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (၁၀)စည်း တစ်ထုံးလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတောင့်ရှည်သီး လက္ကားဈေး(၁၀)စီး တစ်ထုံး လျှင်(၃၀၀၀)ကျပ်၊ ပဲတောင့်ရှည်သီး လက်လီ ဈေး(၇)တောင့်ပါ ၁စီးလျှင်(၄၀၀)ကျပ်၊ (၃)စီးလျှင် (၁၀၀၀) ကျပ်နှင့် ပဲတောင့် ရှည်သီး(၇)တောင့်ပါ ၂စီးလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၁၅၀)ကျပ်၊ (၁၀၀၀)ဖိုး(၈)လုံး နှင့် သရက်သီး အသေးတစ်လုံးလျှင် (၁၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပြီး အလားတူပင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသော သရက်ချဉ် ဈေး နှုန်း အနေဖြင့် သရက်ချဉ် လက္ကား တစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ သရက်ချဉ် လက်လီ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပသားလျှင်(၈၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အာလူးသီးဈေးနှုန်း အနေဖြင့် အာလူးသီးအလုံးကြီး လက္ကား (၁)ပိဿာလျှင်(၄၈၀၀)ကျပ်၊ အားလူးသီးအလုံးကြီး လက်လီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး လက္ကား(၁)ပိဿာလျှင်(၄၃၀၀)ကျပ် နှင့် အာလူးသီး အလုံးသေး လက်လီ(၁)ပိဿာလျှင်(၄၅၀၀)ကျပ် နှင့် ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာ လျှင်(၅၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၆၀၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း ကုန်စိမ်းဈေးသည်များထံမှ သိရသည်။
Doca(စစ်ကိုင်း)