​မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးရှိ ငါး‌စျေးနှုန်းများ

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ငါးလေလံဈေးမှတဆင့် မြို့အတွင်း ဆိပ်ငယ်စျေးကြီးနှင့် အခြားစျေးများမှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ ငါးဖမ်းရာသီ၊ ငါးရရှိမှုနှင့် ငါးတင်ပို့မှု အပေါ် မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးအတွင်း ရောင်းဝယ်လျက်ရှိ နေသော ငါးစျေးနှုန်းများမှာ ငါးကွန်းရှပ်(ဘီးဇင်း) တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ဇယော တစ်ပိဿာလျှင် ( ၁၈၀၀၀)ကျပ်၊ ကကတစ်(ကပေါင်း)တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ကုလားဂုတ် တစ်ပိဿာ လျှင်(၂၄၀၀၀)ကျပ်၊ ငါးမုတ်ဖြူတစ်ပိဿာလျှင်(၂၅၀၀၀) ကျပ်၊ ငါးဘားနီတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးတန်(ရေငန်)တစ်ပိဿာလျှင်  ၁၅၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)