
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ဒေသထွက် ကုန်နှင့်အနယ်နယ်အရပ်ရပ်မှ တင်သွင်းလာသောထွက်ကုန်များ အများအပြားရောင်းချလျက်ရှိသည်။ ထိုသို့ရောင်းချရာတွင် မာလကာသီးသည်လည်း အရောင်းသွက်လျက်ရှိသည်။ စားတွင်းကောင်း၍ အနံ့မွှေးသောကြောင့် စားသုံးသူများ အလွန်ကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်သည်။ မာလကာ သီးများထဲမှ ပုပ္ပါးမြို့မှ ဝယ်ယူလာသော မာလကာသီးကို မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးနှင့် သီရိမင်္ဂလာဈေး၊ ကမ်းနားလမ်းညဈေးတို့တွင် ရောင်းချလျက်ရှိရာ မာလကာသီး ၁ ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် တစ်လုံးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)