
ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းများမှာ ရန်ကုန်မြို့ မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေး နှုန်းများမှာ ပုဇွန်ခြောက်(အချို)(၁)ပိဿာလျှင် (၁၁၀၀၀၀)ကျပ်၊ ငါးရံ့ခြောက်(လုံး)(၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၂၅၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိဿာ လျှင်(၄၀၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အသားမျှင်ခြောက်(၁)ပိဿာ လျှင်(၄၇၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ရေထွက်ကုန်ပစ္စည်းများကို အသုံးပြုကြသဖြင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။
Doca(စစ်ကိုင်း)