လွိုင်ကော်မြို့ဖြစ်ပေါ်နေသော  အသား၊ငါးဈေးနှုန်းအခြေအနေ

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေး၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းကောက်ယူခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းကောက်ယူခဲ့ရာ လွိုင်ကော်မြို့တွင်ဖြစ်ပေါ်နေသော အသား၊ ငါးဈေးနှုန်းများမှာ ကြက်(CP)အသားတိုး (၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကြက်(CP)ဥနှုန်းကျ (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ကြက်(ဗမာ) (၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ဝက်သား (၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်   အမဲသား (၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ငါးကြင်း (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ငါးခူ (၁)ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ ငါးကြင်းဖြူ (၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ငါးရံ့ (၁)ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ ငါးဂျီး  (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးဖယ် (၁)ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ ငါးဖယ်ခြစ် (၁)ပိဿာလျှင် (၄၈၀၀၀)ကျပ်၊ ပုဇွန်ထုတ်ကြီး (၁)ပိဿာ လျှင် (၈၀၀၀၀)ကျပ်၊ ပုဇွန်ထုတ်အလတ် (၁)ပိဿာလျှင် (၇၀၀၀၀)ကျပ်၊ ပုဇွန်ထုတ်အသေး (၁)ပိဿာလျှင် (၆၀၀၀၀)ကျပ်၊ ငါးတံ (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးသလောက် (၁)ပိဿာလျှင် (၄၀၀၀၀)ကျပ်နှင့် ဇလားဘီးယားငါး (၁)ပိဿာလျှင် (၈၀၀၀)ကျပ် စသည်တို့ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့သော လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသားနှင့်ငါးများရောင်းချလျက်ရှိသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)