
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၁၁-၆-၂၀၂၅) ရက်နေ့၊နံနက် (၀၈း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ စားသုံးသူများဘေးကင်းလုံခြုံ စိတ်ချရမှု ရှိစေရေးအတွက် ရည်ရွယ်၍ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃)ဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကံမမြို့နယ် တာဝန်ခံသည် ဈေးအတွင်းရှိ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များ၌ သောက်ရေသန့် အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များအား မဖြစ်မနေ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ Life သောက်ရေသန့် (၁)လီတာတွင် အဆိုပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရပြီး အခြားရောင်းချသည့် ကုန်စည်များ သည်လည်း ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(မကွေး)