ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ၅/၂၀၂၅-၂၀၂၆ MC Meeting သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ၅/၂၀၂၅-၂၀၂၆ MC Meeting သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူးမှVirtualဖြင့် တက်ရောက် ခဲ့ပါသည်။

     အစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်း‌ရေးမှူးမှ ၄/၂၀၂၅-၂၀၂၆ အစည်းအဝေးဆုံးဖြတ်ချက် များအား အတည်ပြုချက်ရယူခြင်းနှင့် (၅/၂၀၂၅-၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်း တင်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)