
စားသုံးသူရေးရာဦးစီးဌာနသည် (၉.၆.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ချယ်ရီ စတိုးနှင့် ကုန်မျိုးစုံအရောင်းဆိုင်အား အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ ရောင်းချမှုကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ရောင်းချသောကုန်စည် များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများ နှင့်ကိုက်ညီ သော ကုန်စည်များသာရောင်းချစေရေး၊ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များရောင်းချ စေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ခေါက်ဆွဲခြောက်အထုပ်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ် ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာဝယ်ယူ သုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေး ကွက်စောင့် ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)