
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ (၄.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ရွှေဘိုခရိုင် စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက် စက်မှုဇုန်ရှိ ရွှေသီဟဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ၂၀၂၅ခုနှစ်၊ ဇွန်လအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့် မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်(ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်း အဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရန်၊ myroတွင်မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လိုင်စင်သက်တမ်းရှိ၊ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Doca(စစ်ကိုင်း)