ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

      ၁၂.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူ ပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး၊ မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom  ဖြင့်တက်ရောက်ခဲ့သည်။

          ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းခြင်း၊ ဒုတိယပြည်နယ်ဦးစီးမှူးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါငြိမ်းမြတ်ကျော်က ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)