မော်လမြိုင်မြို့နယ်တာဝန်ခံမှ “ရွှေဇီဝသဘာဝမြေဩဇာစက်ရုံ” တာဝန်ခံနှင့်တွေ့ဆုံ

Powered by Drupal

     ၁၀.၆.၂၀၂၅ ရက်‌နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့၊ နည်းပညာတက္ကသိုလ်ဝင်းရှိ “ရွှေဇီဝသဘာဝမြေဩဇာစက်ရုံ” တာဝန်ခံနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

      မော်လမြိုင်မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် တစ်လထုတ်လုပ်မှုအခြေအနေ၊ ရောင်းချဖြန့်ဖြူးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ မြေဩဇာစက်ရုံ တာဝန်ခံက ယခုရာသီမှာ စိုက်ပျိုးရာသီဖြစ်သဖြင့် ဝယ်လိုအားများလျက်ရှိကြောင်း၊ မေလမှ ဩဂုတ်လအတွင်း ရောင်းအားအမြင့်ဆုံးကာလဖြစ်သဖြင့် ယခုကာလတွင် တစ်လလျှင် အိတ်ရေ ၄၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ဇီဝပိုးရည် (၂၀၀) ဂါလံဝန်းကျင်ထုတ်လုပ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် အမျိုးအစားပေါ်မူတည်၍ တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်မှ (၇၀၀၀၀) ထိ ရှိကြောင်း၊ အနုဇီဝပိုးရည်မှာ ငါးဂါလံပုံး တစ်ပုံးလျှင် (၄၀၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ ဖြန့်ဖြူးမှုအနေဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်အပြင် ထားဝယ်၊ ကော့သောင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ ရေစကြိုမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ ထုတ်ကုန်အမယ်သစ်အနေဖြင့် ဆီအုန်းပင်အတွက် မြေဩဇာကို ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)