မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

Powered by Drupal

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ၁၁.၆.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် သက်သာသောဈေးနှုန်းတို့ဖြင့် မြို့နယ်အဆင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ကုန်ဈေး နှုန်းတည်ငြိမ်ရေးကော်မတီမှ တာဝန်ရှိသူတို့က ရောင်းချပေးခဲ့သည်။

    ထိုသို့ ရောင်းချပေးရာတွင် ပေါ်ဆန်းမွှေးဆန် တစ်ပြည် (၅၅၀၀) ကျပ်၊ ဧည့်မထဆန် တစ်ပြည် (၃၀၀၀) ကျပ်၊ စားအုန်းတစ်ပိဿာ (၇၀၃၀) ကျပ်နှင့် ဝက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဟင်းသီးဟင်းရွက်၊ ကုန်စိမ်း၊ ကုန်ခြောက်စသည့် အခြေခံစားသောက်ကုန် ပစ္စည်းအမျိုးမျိုးတို့ကို သတ်မှတ်ထားသည့်သက်သာသော ဈေးနှုန်းတို့ဖြင့် စနစ်တကျ ရောင်းချပေးခဲ့ရာ ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများက လာရောက်ဝယ်ယူအား ပေးခဲ့ကြပြီး ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည် တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA (မွန်)