သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၏ ဒုတိယအပတ်တွင် စပါးဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ အနည်းငယ်အပြောင်းအလဲရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၂၉၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၆၆) အိတ်ခန့်၊ စုစုပေါင်း(၄၉၆၆) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၃၉) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု ဇွန်လ၏ ဒုတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၂၈၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း(၄၈၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၃၁) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်ပထမအပတ်နှင့် နှိုင်းယှဉ်ပါက လျော့၍စီးထွက်ခဲ့ပါသည်။
သထုံခရိုင်အတွင်းသို့ ဇွန်လ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၂၇၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၅၀၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၄၁) တန်ခန့်စီးဝင်ခဲ့ပြီး၊ ဇွန်လ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၂၆၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၂၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၈၀၀) အိတ်ခန့် တန်ချိန်အားဖြင့် (၂၃၁) တန်ခန့်စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ပထမအပတ်နှင့် နှိုင်းယှဉ်ပါက လျော့၍ စီးဝင်ခဲ့ပါသည်။
သထုံခရိုင်အတွင်း၌ ဇွန်လ၏ ဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀) လျှင်ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၃၀၀၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၂၈၀၀၀၀၀) ခန့်၊ ကမာကြည် (၂၂၀၀၀၀၀)ခန့်၊ ဧည့်မထ (၁၇၀၀၀၀၀)ခန့်နှင့် (၂၄)ပြည်ဝင် ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၃၀၀၀၀)ခန့်၊ ပေါ်ဆန်းဝါ (၁၁၀၀၀၀) ခန့်၊ ကမာကြည် (၈၀၀၀၀)ခန့်၊ ဧည့်မထ (၆၂၀၀၀)ခန့်ရှိပြီး ယခုအပတ်တွင် စပါးဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ဆန်ဈေးနှုန်းမှာ အနည်းငယ်အပြောင်းအလဲရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)