ကန့်ဘလူမြို့နယ်၌ ဘူးပင်စိုက်ပျိုးရောင်းချခြင်းဖြင့် ဝင်ငွေရရှိ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာတွင် ဘူးပင်များစိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေများ ရရှိလျက်ရှိကြောင်း၊ ဘူးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်အတင့်ခံနိုင်ရည် ရှိကြောင်း၊ ပုံသဏ္ဍန်ကိုလိုက်၍ ဘူးသပိတ်၊  ဘူးရှည်နှင့် ဘူးရေမှုတ်ဟု အမျိုးမျိုးရှိကြောင်း သိရှိရသည်။

          ကန့်ဘလူမြို့နယ်တွင် ဘူးပင်ကိုခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း မိသားစုတစ်နိုင် တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသော ဘူးသီးများကို ကန့်ဘလူမြို့မဈေး တွင်ရောင်းချလျက်ရှိရာ ဇွန်လဒုတိယပတ်အတွင်း အလုံးကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစု ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးဝင်းအောင်ထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)