
၉.၆.၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သထုံမြို့ ပေါ်ရှိ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းက လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြရန် သထုံမြို့ပေါ်ရှိ ရောင်းချလျက်ရှိသော လက်ကိုင်ဖုန်းနှင့်ဆက်စပ် ပစ္စည်း အရောင်းဆိုင်များဖြစ်သော ဖွားမြေး Mobile၊ စိုးမိုး Mobile၊ Hak Mobile ဆိုင်များအား အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များဝေငှပြီး သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုက်နာမှုမရှိပါက အရေးယူခံရမည်ကို သိရှိပါကြောင်း စီးပွားရေးလုပ်ငန်းရှင်များအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA (မွန်)