သထုံမြို့နယ်တွင် တရားမဝင်ဆင်းကဒ်ရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၉.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် သထုံမြို့နယ်ရှိ ဆင်းကဒ်အရောင်းကိုယ်စားလှယ်များ၊ ဖုန်းအရောင်းဆိုင်များတွင် တရားမဝင်ဆင်းကဒ်ရောင်းချမှု မရှိ‌စေ‌ရေး၊ တရားမဝင်ဆင်းကဒ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      တရားမဝင်ဆင်းကဒ်ရောင်းချမှုစစ်ဆေးရေးအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအဖွဲ့တို့သည် ဆင်းကဒ်အရောင်းကိုယ်စားလှယ်များ၊ အရောင်းဆိုင် (POS) များတွင် အော်ပရေတားများနှင့် စာချုပ်ချုပ်ဆိုထားခြင်း ရှိ/မရှိ ဆင်းကဒ်များ မှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ပြုလုပ်ပြီး ရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)