“ငရုတ်သီးအစိမ်းစျေးကွက်”

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိရာ ခရိုင်အတွင်းထွက်ရှိသော ငရုတ်ကို အမှည့် အစိုအနေနှင့်အခြောက်ခံ၍ ပိဿာ၊တင်းဖြင့် ရောင်းချလျှက်ရှိကြောင်း ၊ ငရုတ်သီးအစိမ်းအနေဖြင့် ရောင်းချမှုမရှိကြောင်း ၊ စျေးကွက်အတွင်း စားသုံးသူများအတွက် ငရုတ်သီးအစိမ်းများဝင်ရောက် လျှက်ရှိရာ အောင်ပန်းဒေသမှအများဆုံးဝင်ရောက်လျှက်ရှိကြောင်း ၊ ဝင်ရောက်သော ငရုတ်သီးစိမ်း အမျိုးအစားများမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ် ၊ ငရုတ်ရှည် နှင့် ငရုတ်ပွသီးများဖြစ်ပြီး

   ငရုတ်သီးအစိမ်းကို (၁)ရက် ပိဿာ(၅၀၀ မှ ၁၀၀၀)ကျော်အထိ စျေးကွက်အတွင်းသို့ ဝင်ရောက် လျှက်ရှိကြောင်း ၊ လျှာဂျွန်းထိုး ငရုတ်သီး အစိမ်း(၁)ပိဿာလျှင်(၄၀၀၀/-)ကျပ် ၊ ဖောက်သည်စျေး ပေးပြီး လက်လီ (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ် ၊ ကုလားအော်ငရုတ်သီးအစိမ်း (၁)ပိဿာလျှင် ဖောက်သည်စျေး(၆၀၀၀/-)ကျပ် ၊ လက်လီ (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ် ၊ ငရုတ်ပွသီးအစိမ်း (၁)ပိဿာလျှင် ဖောက်သည်စျေး(၈၀၀၀/-)ကျပ်၊လက်လီ(၁)ပိဿာလျှင်(၁၂၀၀၀/-)ကျပ်၊ငရုတ်ရှည် သီးအစိမ်း (၁)ပိဿာလျှင် ဖောက်သည်စျေး(၅၅၀၀/-)ကျပ် ၊ လက်လီ(၁)ပိဿာလျှင်(၉၀၀၀/-)ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်း ၊ စားသုံးသူများမှာ ငရုတ်သီးအစိမ်း သီးနှံကို ပိုမိုစားသုံးကြသဖြင့် အရောင်းသွက်ကြောင်း၊ငရုတ်သီးအစိမ်းရောင်းချသော စျေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)