တောင်ငူမြို့ရှိ ရှောက်သီးဈေးကွက်

Powered by Drupal

    တောင်ငူမြို့ ပတ်ဝန်းကျင်ရှိ ဒေသခံများသည် မိမိတို့ အိမ်ခြံဝန်းများတွင် အရိပ်ရ၍ အပိုဝင်ငွေရသော နှစ်ရှည်ပင်သီးနှံများ စိုက်ပျိုးကြသည်။ ရှောက်ပင်သည် နှစ်ရှည်သီးနှံ အပင်မျိုးဖြစ်ပြီး လူတို့အတွက် ဆေးဖက်ဝင်၍ အပိုဝင်ငွေရရှိသော အသီးတစ်မျိုး ဖြစ်သည်။

    ရှောက်သီးသည် ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး စိတ်ကိုလန်းဆန်းစေသော အချဉ်သီး တစ်မျိုးဖြစ်ပြီး မောပန်းခြင်းကို သက်သာစေပါသည်။ ရာသီဥတုအေးမြသော အချိန်တွင် ရှောက်သီးကို ချဉ်ငန်စပ် သုပ်စားခြင်း၊ အသားငါးများ ဆေးကြောခြင်းနှင့် ချက်ပြုတ်စားရာတွင် ရှောက်ရည်ကို အသုံးပြုပါသည်။ ခေါက်ဆွဲ / မုန့်ဟင်းခါးများ စားရာတွင်လည်း အသုံးပြုနိုင်သည်။

     ထို့ပြင် သကြား (သို့မဟုတ်)ထန်းလျက် တို့နှင့် ယိုပြုလုပ်ခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်းနှင့် အခြောက်လှန်း၍ ရှောက်မျှင် အဖြစ်လည်းကောင်း မိမိတို့ နှစ်သက်ရာ အသုံးပြုနိုင်သည်။ တောင်ငူမြို့ဈေးများတွင် ရှောက်သီးတစ်လုံးလျှင် ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ 

DOCA(ပဲခူး)