ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း

Powered by Drupal

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက် လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း  မြင့်တက်လျက်ရှိပါသည်။

   အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကားရောင်းချလျက်ရှိရာ ဇွန်လ ပထမပတ်၏ အမဲသားဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက္ကားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း)လက္ကားတစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၂၄၀၀၀)ကျပ် အမဲပုဆိုး ကြမ်း တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှင့် အမဲရိုး တစ်ပိဿာ (၁၀၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)