
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၀.၆.၂၀၂၅) ရက် ၊နေ့လယ် (၁၄း၀၀) အချိန်တွင် ပဲခူးမြို့အတွင်းရှိ (shopping center)များနှင့် ကုန်မျိုးစုံ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကုန်ပစ္စည်း ရောင်းချသော ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများနှင့်ကုန်စည်များတွင်ကုန်အညွှန်းပြည့်စုံမှန်ကန်စွာပါရှိသောကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် (Expire Date) ကုန်ဆုံးခါနီး ပစ္စည်းများအား သတိထားစောင့်ကြည့် စစ်ဆေးရန် အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက Consumer Call Center(1535) သို့ ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)