
ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ ဆောင်ရွက်မှုများအနေဖြင့် ၂၀၂၅ ခုနှစ်၊မေလအတွင်း ပဲခူးတိုင်းဒေသကြီးအကောက်ခွန်ဦးစီးဌာနမှ စားသောက်ကုန်ပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများ နှင့် ကုန်ပစ္စည်းတင်မော်တော်ယာဉ်တို့၏ ခန့်မှန်းတန်ဖိုး (၇၆၂,၂၁၀,၀၀၀) ကျပ်၊ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ခန့်မှန်းတန်ဖိုး(၉၉၃,၄၃၀,၆၀၀)ကျပ်၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ မော်တော်ယာဉ်ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုး(၂၃၄,၀၀၀,၀၀၀)ကျပ်၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုခန့်မှန်း တန်ဖိုး (၆,၀၇၁,၇၀၀,၀၀၀) ကျပ်နှင့် ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှသစ်တန် (၃၂၃.၆၈၄၆) တန် ခန့်မှန်းတန်ဖိုး (၆၅,၁၈၉,၀၇၀)ကျပ်၊ ခန့်မှန်းတန်ဖိုးစုစုပေါင်း (၈,၁၂၆,၅၂၉,၆၇၀)ကျပ်အား ဖမ်းဆီးရမိပါကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)