
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန်အတွက် စိုက်ပျိုးကြသလို အလေ့ကျပေါက် ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင် ဈေး၏ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်)လက္ကားဈေး တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ မန်ကျည်းသီးမှည့်(အစေ့လွတ်) လက်လီဈေး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၃၀၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ) လက္ကားဈေး တစ် ပိဿာလျှင်(၁၈၀၀)ကျပ်၊ မန်ကျည်းသီးမှည့်(အစေ့ပါ) လက်လီဈေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ် နှင့် (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)