ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ရာသီစာအပွင့်ခြောက်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”၌ ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များ အပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးလျက် ရှိကြောင်း၊ ရာသီစာအပွင့်ခြောက်များသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်းကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

 ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း “မြို့မဈေး”တွင် ရောင်းချနေသည့် ကြောင်လျှာပွင့် ခြောက် ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင်(၁၄၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်အစိုများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိ ကြောင်း၊ ဇွန်လဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌  ရောင်းချလျက်ရှိသည့် သခွတ်ပွင့်ခြောက် (၁)ပုံလျှင် (၁၁၀၀)ကျပ်နှင့် (၂)ပုံလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်း ချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

Doca(စစ်ကိုင်း)