ကျွန်းလှမြို့ပေါ် ရပ်ကွက်ဈေးများတွင် ရောင်းချနေသော မုံညှင်းထုတ် ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချ လျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် သစ်ရာမြိုင်ဈေးအတွင်းရောင်းချလျက်ရှိ သည့် မုံညှင်းထုတ် ဈေးနှုန်းမှာ မုံညှင်းထုတ် လက္ကား တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်း များဖြင့် အရောင်းအဝယ်ဖြစ် လျက်ကြောင်း ကုန်စိမ်း သီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)