ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးကွက်

Powered by Drupal

   ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော  ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းများမှာ ဂေါ်ရခါးသီး တစ်လုံးလျှင်(၅၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ကြက်ဟင်းခါး သီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်လုံးလျှင်(၂၀၀၀/၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀/၂၅၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင် (၇၀၀/၈၀၀) ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ် မုံညှင်းထုတ် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင်(၄၈၀၀)ကျပ်၊ ပဲသီးတောင့်ရှည် (၅)တောင့်ပါ တစ်စည်းလျှင်(၄၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် နှင့် ဘိုစားပဲသီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)