
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ် ကိုင်သော ဒေသတစ်ခုဖြစ်ရာ ဥယျာဉ်ခြံသီးနှံများကိုလည်း စိုက်ပျိုးကြသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လဒုတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချနေ သော သရက်သီးဈေးနှုန်းများမှာ R2E2သရက်သီးမှည့် အကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် အလုံးသေး(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ R2E2သရက်သည် အခွံပါးခြင်း၊ အစေ့သေးခြင်း၊ အချိုဓာတ်နည်းသည့်အတွက် ဆီးချိုဝေဒနာရှင်များအတွက် သင့်တော်ခြင်း စသည့် အချက်များကြောင့် အရောင်းသွက်လျက်ရှိပြီး ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရလျက်ရှိကြောင်း ၊ သရက်သီးဈေးနှုန်းများမှာ စိန်တလုံးသရက်သီးမှည့် အကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ (၅)လုံး လျှင်(၂၀၀၀)ကျပ်နှင့် အလုံးသေး(၆)လုံးလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုအခါ သရက်သီးများ လှိုင်လှိုင်ထွက်ရှိနေသည့်အတွက် သရက်သီးဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ နာနတ်သီးတစ်လုံးလျှင် (၂၀၀၀ကျပ်မှ ၃၀၀၀)ကျပ်နှင့် မြစ်ကြီးနားသီးတစ်လုံးလျှင် (၃၅၀၀ကျပ်မှ ၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သစ်သီးဆိုင်များမှ သိရသည်။
Doca(စစ်ကိုင်း)