
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီမှဦးဆောင်၍(၉.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)အချိန်တွင် ဟင်္သာတမြို့၊ ညောင်ပင်ရပ် ကွက်၊ ဗန်ဒါပင်ဈေးရှေ့တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်းသက်သာ စွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ရောင်းချပေးလျက်ရှိပါသည်။ ဟင်္သာတမြို့နယ်အတွင်း ကုန် ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများ ရောင်းချပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန် ကြက်ဥ တစ်လုံးလျှင် ၃၃၀/- ကျပ်ဖြင့် အလုံးရေ ၁၀၀၀ ကိုလည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀/- ကျပ်နှုန်းဖြင့် ပိဿာချိန် (၁၁၀)နှင့် ဆင်းသုခ ဆန်တစ်ပြည်လျှင် ၂၀၀၀/- ကျပ် တစ်ဦးလျှင် (၂)ပြည်နှုန်းဖြင့် ဆန်(၁၀)အိတ် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဆန်၊ ကြက်ဥနှင့် စားအုန်းဆီများကို ပြည်သူများ ဈေးနှုန်းသက်သာစွာနှင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)