ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော တီလားဗီးယားငါး ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့နယ်တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်း များထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများမှာ တီလားဗီးယားငါး(အကြီး)လက္ကားဈေး(၁)ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ လက်လီဈေး (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်နှင့် တီလားဗီးယား ငါးအသေး လက္ကား() ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင် (၆၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချကြောင်း ငါးအရောင်း အဝယ် လုပ်ကိုင်သူထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)