
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များတွင် မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဒေသထွက် သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်ရေ ၊ ကြံသကာရေ လောင်းထား သော ဆန်လှော်မရွေးဖြစ်ပါသည်။ ဆန်လှော်မရွေးသည် ကြွပ်ကြွပ် ရွရွဖြင့် စားကောင်းပြီး ရေသောက် လျှင် ဗိုက်ပြည့်သော အစားအသောက်ဖြစ်သည့်အတွက် စားသုံးသူများမှ ဝယ်ယူစားသုံး ကြမှုမှာ များပြား ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဆန်လှော် မရွေး ဈေးနှုန်းများမှာ ဆန်လှော်မရွေး လက်လီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သား လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော မန်းမရွေး သည်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)