
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ရောင်းချနေသည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ လက်လီ အကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၃၅၀)ကျပ်၊ (၁၀၀၀)ဖိုး (၃)လုံးနှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀)ကျပ် (၁၀၀၀) ကျပ်ဖိုး(၈)လုံးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)