ကျွန်းလှမြို့ပေါ် ရပ်ကွက်ဈေးများတွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်း

Powered by Drupal

  ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိ မြေကွက်လပ်များတွင် တစ်နိင်တစ်ပိုင် စိုက်ပျိုးကြပြီး  အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း (ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျောနှင့် ဝက်မလွတ် (ဘရာဇီး) ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်းများမှာ ဖီးကြမ်း ငှက်ပျောတစ်ဖီးလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ဝက်မလွတ်(ဘရာဇီး)တဖီးလျှင် (၃၅၀၀/၃၀၀၀) ကျပ်၊ ကသည်းငှက်ပျော(ခေါ်)ရခိုင် ငှက်ပျောသီး တစ်ဖီးလျှင်(၁၅၀၀/၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော တစ်ဖီးလျှင် (၂၀၀၀/ ၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)