ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသော ကြက်ဥ၊ဘဲဥဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့ရှိ လက်လီ/ လက္ကားဒိုင်များနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအလုံးကြီး(၁)လုံးလျှင် ၅၀၀ကျပ်၊ အလုံးသေး(၁)လုံးလျှင် ၄၅၀ကျပ် ဖြင့်ရောင်းချကြောင်း၊ ယခုပတ်အတွင်း ကြက်ဥဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း၊ ဇွန်လ ဒုတိယပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ လက်လီ/လက္ကားရောင်းချ သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

Doca(စစ်ကိုင်း)