
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၇၃၅၀၀)ကျပ် ၊ကုလားပဲ(929)(၁)တင်းလျှင်(၇၇၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင်(၇၉၅၀၀) ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၈၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခု ပတ်အတွင်း ကုလားပဲဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားကြောင်း၊ ပဲဇီးကွက်တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ အကွဲအနာပါလျှင်(၁၀၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ပဲနီ(၁)တင်း လျှင် (၁၀၀၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၉၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း၊ ယခုပတ်အတွင်း ပဲနီ(ခေါ်) စွန်တာနီ(၁) တင်းလျှင် (၁၀၀၀) ကျပ် ဈေးနှုန်းကျဆင်း သွားကြောင်း၊ ဇွန်လ ဒုတိယပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ အကွဲ အနာပါ(၁)တင်းလျှင် (၁၁၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ထောပတ်ပဲသီးနှံများ ဈေးနှုန်းကျဆင်းသွား ကြောင်း၊ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၇၀၀၀) ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ယခု ပတ်အတွင်း မတ်ပဲ(၁)တင်းလျှင် (၁၀၀၀)ကျပ်မြင့်တက်လာကြောင်း၊ ဇွန်လဒုတိယ ပတ်အတွင်း ပဲတီစိမ်း ရိုးရိုးတစ်တင်းလျှင် (၉၈၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲတီစိမ်းဈေးနှုန်း အနည်းငယ် ကျဆင်း သွားကြောင်း၊ ပဲစဉ်းငုံနီ(၁)တင်းလျှင်(၇၈၀၀၀)ကျပ် ၊ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်း အနည်းငယ်မြင့်တက် လာကြောင်း၊ ပဲလွန်းဖြူတစ်တင်းလျှင် (၈၇၀၀၀) ကျပ်၊ အကွဲအနာပါ တစ်တင်းလျှင် (၈၆၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း ပဲလွန်းဖြူဈေးနှုန်း ကျဆင်း သွားကြောင်း၊ ထွက်ရှိသော ပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရသည်။
Doca(စစ်ကိုင်း)