ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော ဂေါ်ဖီထုတ်(မုံလာထုတ်) ဈေးနှုန်း

Powered by Drupal

  သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို ကျွန်းလှမြို့နယ်အတွင်းထွက်ရှိသည့် ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို စားသောက်ဆိုင်များ ၊ ကော်ပြန်ဆိုင်များ၊ အကြော်ဆိုင်များ နှင့်မုန့်လင်မယားဆိုင်များတွင် အသုံးပြုသည့်အတွက် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ အကြီး တစ်ထုတ်လျှင် (၃၀၀၀)ကျပ်၊ အလတ် တစ်ထုတ်လျှင်(၂၅၀၀)ကျပ်နှင့် အသေး တစ်ထုတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)