ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရောင်းချလျက်ရှိသော တောကြက်ဟင်းခါးသီး

Powered by Drupal

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း ကျွန်းလှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ စင်ထိုး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တစ်ပြည် လျှင်(၂၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင် (၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)