ပိတောက်မြိုင်ဈေးအတွင်း ရောင်းချလျက်ရှိသော လက်ဖက်အစားထိုး ကြက်တက်ရွက်ပြုတ်

Powered by Drupal

   ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးကျစတွင် စတင်ပေါက်ရောက် လေ့ရှိသော ကြက်တက်ရွက်များကို  ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။

 ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါ သည်။ ဇွန်လ ဒုတိယပတ်အတွင်း ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းများမှာ  တစ်ပိသာလျှင် (၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် (၁၀)ကျပ် သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက် ရှိသောကြောင့် မိုးရွာသွန်းသည့်အတွက် ကြက်တက် ရွက်များ လှိုင်လှိုင်ထွက်ရှိပြီး အ‌ရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)