ဇွန်လအတွင်း ဟင်္သာတကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ်ထွက် ဆောင်းသီးနှံ ပဲမျိုးစုံများဖြစ်သည့် မတ်ပဲ ၊ ပဲတီစိမ်းအနီ ၊ ပဲယင်းနီ ၊ အစေ့ထုတ်ပြောင်းသီးနှံ ၊ ပဲပုတ် သီးနှံများအား အရောင်းအဝယ်ပြုလုပ်နေကြကြောင်းသိရှိ်ရပါသည်။အခြားပဲများဖြစ်သည့် ပဲလွန်းဖြူ ပဲလွန်းနီ ၊ ပဲတီစိမ်းဆီပြောင် ၊ ဘိုကိတ်သီးနှံများမှာ အရောင်းအဝယ်အေးပြီး ပစ္စည်းလက်ကျန် နည်းပါလာကြောင်း သိရှိရပါသည်။ယခုတစ်ပတ် မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို(၉၆၀၀ဝိ/-) ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၈၈၀၀ဝိ/-)၊ ပဲပုပ်ဆီတိုးဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၂၂၀၀ဝိ/-)၊ အစေ့ထုတ်ပြောင်း ပိဿာ(၂၀)တစ်တင်းကို (၃၄၀၀ဝိ/-)ဈေးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရပါသည်။

   ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းသီးနှံဈေးသာ တစ်တင်းကို (၅၀ဝိ/-မှ ၁၀၀ဝိ/-)ကျပ်ထိ ဈေးအနည်းငယ်မြင့်လာကြောင်း သိရှိရပါသည်။မတ်ပဲအပါ အခြားပဲ ဈေးများမှာ (၅၀ဝိ/-မှ ၁၀၀ဝိ/-)ကျပ်အတွင်း ဈေးကျဆင်းလာကြောင်း သိရှိရပါသည်။ မတ်ပဲသီးနှံ မှာ တစ်ရက်လျှင် (၁၅၀၀အိတ်မှ ၂၀၀၀အိတ်)ထိအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ အစေ့ ထုတ်ပြောင်းသီးနှံမှာ တစ်ရက်လျှင် ( ၂၀၀၀အိတ်မှ ၂၅၀၀ အိတ် )ထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ရန်ကုန်သို့ တင်ပို့နေသော မတ်ပဲအိတ်ရေမှာ တစ်ပတ်အတွင်း ပျမ်းမျှ အိတ်ရေ  (၁၅၀၀၀)ခန့်တင်ပို့နိုင်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)