
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၁.၆.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ဦးစိန်ဝင်း (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ Pyan Hlwa အမှတ်တံဆိပ်ပါ အုန်းဝိုင်းကွတ်ကီးသည် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော် ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)