
မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်း များသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက် ၀၈:၀၀ နာရီအချိန်တွင် အမှတ် (၁)ရပ်ကွက် အ.ထ.က အင်္ဂပူကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျောင်းစားသုံးသူရေးရာကော်မတီအဖွဲ့ များနှင့်ပူးပေါင်း၍ အ. ထ. က အင်္ဂပူကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချဖြန့်ဖြူး လျက်ရှိသော မုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များပြည့်စုံစွာဖော်ပြ နိုင်ရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက်များ ရယူဆောင်ရွက်နိုင်ရေး ကျောင်းမုန့်ဈေးတန်းဆိုင်များ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး မုန့်ဈေးတန်းရောင်းချသူများအနေဖြင့် လက်လုပ်မုန့်များ၊ သရေစာမုန့်များ လတ်ဆတ်သန့်ရှင်းမှုရှိစေရန်၊ ကျောင်းမုန့်ဈေးတန်းဆိုင်များ ကျန်းမာရေးနှင့်ညီ ညွတ်စေရန်၊ အသိပညာပေးဆွေးနွေးခဲ့ပြီး ရောင်းချသောမုန့်များ၊ အချိုရည်ဗူးများတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကို သိသာထင်ရှားစွာဖော်ပြထားသည့် အစားအသောက်များကိုသာ ဝယ်ယူရောင်းချမှုများ ပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)