
စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၉.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်နှင့်မြို့မနေခြည်ဈေး အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်နှင့် စတိုးဆိုင်များတွင် ရောင်းချသော အချိုရည်အမျိုးမျိုးအား ထုတ် ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူမိဘပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ အချိုရည်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ CCPBM အမှတ်တံဆိပ်နှင့် ပုံစံတူအစိမ်း ရောင် ပလပ်စတစ်ဘူးများဖြင့် ထုတ်ပိုးထားသည့် Sprite အချိုရည်ဘူးများ ရောင်းချမှု မရှိကြောင်း၊ ဈေးကွက် အတွင်းရောင်းချလျက်ရှိသော အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထား ပြီး၊ FDA ထောက်ခံချက်ရရှိထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်းလိုက်နာ ဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက် များ အကြောင်းနှင့် ပြစ်မှုပြစ် ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA (ဧရာဝတီ)