
၂၀၂၅ခုနှစ်၊ ဇွန်လ ဒုတိယအပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေး ကုန်စိမ်းသီးနှံ ဈေးနှုန်းမှာတည်ငြိမ်၍ ဈေးကွက်အတွင်းအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။
ဈေးနှုန်းများအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၂၀၀၀)ကျပ်၊ လွေ့တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကလော်အော်သီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပဲတောင့်ရှည်အစည်းသေး တစ်စည်းလျှင် (၁၅၀၀)ကျပ်၊ ဖရုံသီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းခေါင်းသီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ဥနီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၂၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဂျင်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ မြင်းခွာရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကြက်ဟင်းခါးညွှန့် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကင်းပွန်းချဉ်ရွက် တစ်စည်းလျှင်(၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ကရင်)