
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး အများအပြား ရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးအမျိုးအစားများမှာ ပျားသံပုရာ၊ ပျားလိမ္မော်၊ ရွှေလိမ္မော်နှင့် အလုံးကြီးမျိုး စသည်ဖြင့်ရှိကြောင်း၊ လိမ္မော်သီးများကို သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး ၁ ကီလိုလျှင် (၆၀၀၀)ကျပ်၊ လိမ္မော်သီးကို စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(တနင်္သာရီ)