ဘိုကလေးမြို့ (၉) ရပ်ကွက်ရှိ “ရွှေကမ္ဘာ” ဆန်စက်လုပ်သား ဝန်ထမ်းများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ (၆) ရပ်ကွက်ရှိ “ရွှေကမ္ဘာ” ဆန်စက်လုပ်သား ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟော ပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

   ထိုအသိပညာပေးပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူရာ တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်ပစ္စည်းများအကြောင်း၊ မြန်မာ ဘာသာဖြင့် ဖြစ်စေ အခြားဘာသာ တစ်ခုထက်ပို၍ ရေးသားဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကုန်အညွှန်းပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် သက်တမ်းလွန်ဆေးဝါးနှင့် အစားအသောက်များကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း တိုးမြှင့်လာပြီး သေချာစိစစ်လေ့လာပြီး ဝယ်ယူသုံးစွဲကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြား နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)