ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

       ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်မင်း၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးတိုးမြင့်အောင်၊ ကျန်းမာရေး ဦးစီးဌာနမှ ဦးရဲဝင်း၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် စားသုံးသူရေးရာ ကော်မတီအစည်းအဝေး၁/၂၀၂၅ ကို ၂၀၂၅ ခုနှစ် ၊ (၆) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

       အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြစ် သည့် ပြည်သူများနှင့် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း၊ တိုင်ကြားမှုများ ဖြေရှင်း ဆောင်ရွက်နိုင်ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးထားသော စစ်ဆေးရေး မှူးများသည် ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်တွေ့ရှိချက်များကို ကော်မတီမှ အရေးယူဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အတွက်ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါ သည်။

      ထို့နောက် အစားအသောက်များတွင် ဖော်မလင်နှင့် တာရှည်ခံဆိုးဆေးများ သုံးစွဲမှုများရှိလာ သည့်အတွက် စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက ယခင် ဘဏ္ဍာနှစ်တွင် FDA မှ ဈေးကွက်အတွင်းရှိ ပဲပြား၊ မုန့်ဟင်းခါးဖတ်၊ သရက်ချဉ် စသည့် စားသောက်ကုန်များတွင် တာရှည်ခံဆေးနှင့် ဆိုးဆေးများ ပါဝင်ခြင်း ရှိ/မရှိ၊ ဈေးကွက် နမူနာ ကောက်ယူ၍ စစ်ဆေးခြင်းကို ဆောင်ရွက်ပြီး စစ်ဆေးတွေ့ရှိပါက ဈေးကွက်အတွင်းမှ သိမ်းဆည်း ခြင်းကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ ဆောင်ရွက်သည့် ကိစ္စရပ်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ စားသုံးသူရေးရာကော်မတီ၏ ရှေ့ဆက်လက်ရမည့် လုပ်ငန်းစဉ် များတွင် ဆက်လက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပါရန်  မေတ္တာရပ်ခံခဲ့ပြီး အစည်းအဝေးကို  နံနက် (၁၁:၃၀) တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)