ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် ကုန်မျိုးစုံအရောင်းဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် တောင်ပိုင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်ပိုင်ရှင်များအား (၆.၆.၂၀၂၅)ရက်နေ့ ညနေ(၂:၀၀)နာရီ အချိန်တွင် မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းမှခေါ်ယူတွေ့ဆုံ၍ ဆီစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍လည်းကောင်း  သတ်မှတ်ရည်ညွှန်းဈေးနှင့် စားအုန်းဆီရောင်းချမှု ရှိ/မရှိ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သော အချက် အလက်များကို ကုန်မျိုးစုံအရောင်းဆိုင်ပိုင်ရှင်များအား ဆွေးနွေးပြောကြားခဲ့ပြီး လက်လီရောင်းချမှု အပေါ် ခွဲတမ်းရရှိသောစားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိကြစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားပြီး စားအုန်းဆီလက်လီ ရောင်းချနေမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့အနေဖြင့် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချနေသော ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)