ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ မိဘမေတ္တာဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဈေးနှုန်းဈေးကွက်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၆.၆.၂၀၂၅) ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ မိဘမေတ္တာဆန်စက်လုပ်ငန်းရှင်နှင့်တွေဆုံ၍ ဈေးနှုန်း ဈေးကွက်၊ ဆန်/စပါး သိုလှောင်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ငပုတောမြို့နယ်တာဝန်ခံမှ မြောက်ပိုင်းရပ်ကွက်ရှိ မိဘမေတ္တာဆန်စက်မှ ဆန်နှင့်စပါးများအား သိုလှောင်ထားရှိမှုနှင့် ဆန်များအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန်၊ မြန်မာနိုင်ငံ ဆန်၊ စပါး အသင်းချုပ်(MRF) မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချရန်၊ ဆန်စက်အနေဖြင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘမေတ္တာဆန်စက်ပိုင်ရှင် ဒေါ်မိုးမိုးခိုင်အား ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)